သတင်းများ

ခန္တီးမြို့တွင် ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားရေး မိမိကစ၍ ကာကွယ်ကြရန် အသိပညာပေးနှိုးဆော်
Sep 21,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားရေး မိမိကစ၍ကာကွယ်ကြရန် အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ညနေက မြို့မရပ်ကွက်၊ ပေါမိုင်းနှင့် ဇီးဖြူကုန်း ရပ်ကွက်တို့တွင် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးမှူး ဦးဟန်လင်းထွဋ်နှင့် ရုံးဝန်ထမ်းများနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးသီဟ ထက်အောင်တို့ပူးပေါင်း၍ အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ကျိုက်မ​ရောမြို့နယ်မြန်မာ့စီးပွား​ရေးဘဏ်ခွဲ၌ အငြိမ်းစားပင်စင်စားဝန်ထမ်းများ၏ပင်စင်လစာ​ငွေများစနစ်တကျထုတ်​ပေး
Sep 21,2020
​မော်လမြိုင်ခရိုင်၊ ကျိုက်မ​ရော မြို့နယ် မြန်မာ့စီးပွား​ရေးဘဏ်ခွဲတွင် အငြိမ်းစား ဝန်ထမ်း ပင်စင်စားများ၏ လစာ​ငွေများကို ယ​နေ့နံနက် ၉ နာရီခန့်မှစ၍ စနစ်တကျထုတ်​ပေးလျက်ရှိ​ကြောင်း သိရသည်။
သာကေတမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး မြို့နယ်အဆင့် လုပ်ငန်းကော်မတီသို့ အလှူငွေများပေးအပ်
Sep 21,2020
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်၊ ကုသစောင့်ရှောက်မှုများပေးနိုင်ရန် အတွက် သာကေတမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ ဇင်္ဂမလမ်းမကြီးနေ မြန်မာ့တိုင်းရင်းဆေးဆရာကြီး (သြ/သု) ဦးရန်အောင်+ဆရာမဒေါ်မြင့်မြင့် ​ရွှေဟင်္သာညီနောင်ဆေးတိုက်မိသားစုမှ ယနေ့ နံနက်(၉)နာရီအချိန်၌ ဇဗ္ဗူ့ ပညာစာကြည့်တိုက်တွင် အလှူငွေကျပ်(၉၀)သိန်းအား လှူဒါန်းခဲ့သည်။
ဟုမ္မလင်းမြို့က ပိုးတွေ့လူနာနှင့် အမြန်ရေယာဉ် တစ်စီးတည်း အတူစီးလာသူ၏ နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်နမူနာရယူ
Sep 21,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းတွင် ယနေ့နံနက်ပိုင်း၌ Quarantine ထားရှိသည့် ဟုမ္မလင်းမြို့က ကိုဗစ်-၁၉ ပိုးတွေ့လူနာနှင့် အမြန်ရေယာဉ်တစ်စီးပေါ် အတူပါလာသူ ခန္တီး မြို့ခရိုင်
သာကေတမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် ဇိနမာရ်အောင် စေတီတော်ကြီးဝင်းတွင် Quarantine Centre စတင်ဖွင့်လှစ်
Sep 21,2020
ရန်ကုန်အရှေ့ပိုင်းခရိုင် သာကေတမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် မြို့နယ်အတွင်းရှိ Positive လူနာများနှင့်ထိတွေ့ခဲ့သော(မိသားစု) Primary Contact များကို သီးခြားနေထိုင် စောင့်ကြပ်ကြည့်ရှုမှုများပြုလုပ်သွားနိုင်ရန်အတွက်
ဝါးခယ်မမြို့ အဝင်/အထွက် စစ်‌ဆေးရေးဂိတ်များ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စစ်ဆေးမှုများကို ‌နေ့စဉ် အရှိန်အဟုန်မြှင့် ကြပ်မတ်ဆောင်ရွက်
Sep 21,2020
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်း ကိုဗစ်-၁၉‌ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ရောဂါ ကူးစက်ပျံနှံ့မှု မဖြစ်ပွားစေရေးအတွက် မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဝင်များ ပူးပေါင်း၍ ယမန်နေ့ နံနက် ၇ နာရီခန့်က ဝါးခယ်မမြို့ အဝင် ကျွန်းကုန်း စစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စစ်ဆေးမှုများကို‌နေ့စဉ်အရှိန်အဟုန်မြှင့် ကြပ်မတ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ပုသိမ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသခြင်းနှင့် စောင့်ကြပ်​ကြည့်ရှုခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲပြုလုပ်
Sep 21,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ကာကွယ်ကုသခြင်းနှင့် စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေ သတင်းစာ ရှင်းလင်းပွဲကို စက်တင်ဘာလ ၁၉ ရက်နေ့၊ မွန်းလွဲ ၂ နာရီ အချိန်တွင် တိုင်းကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
ဒဂုံမြို့နယ် ပြည်အရှေ့ရပ်ကွက်၌ နယ်မြေအေးချမ်းလုံခြုံရေး ယာဉ်ပိတ်ဆို့ စစ်ဆေး
Sep 21,2020
ရန်ကုန်တိုင်ဒေသကြီး၊ ဒဂုံမြို့နယ်၊ ပြည်အရှေ့ရပ်ကွက်၊ မြို့မကျောင်းလမ်း အ-ထ-က(၂)ဒဂုံရှေ့ ၌ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးဇော်မင်းလွင်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့တာဝန်ရှိသူများနှင့်  ရပ်ကွက် တာဝန်ခံတို့ ပူးပေါင်း၍ ယမန်နေ့ည(၉)နာရီမှ (၁၁)နာရီထိယာဉ်ပိတ်ဆို့  စစ်ဆေးဆောင်ရွက် ကြောင်းသိရသည်။