ပင်းတယ စက်တင်ဘာ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်ရှိ ရပ်ကွက်/ ကျေးရွာများမှ နိုင်ငံတော်က ချီးမြှင့်ထောက်ပံ့သည့် လူမှုရေးပင်စင်ခံစားခွင့်ရှိသည့် အသက်(၈၅) နှစ်အထက် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက နေအိမ်များအရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထောက်ပံ့ငွေများပေးအပ်ရာတွင် ကျေးရွာအတွင်းရှိ လူမှုရေးပင်စင်ခံစားခွင့်ရှိသည့် ရပ်ကွက်/ကျေးရွာများမှ အသက် (၈၅)နှစ်အထက် သက်ကြီးဘိုးဘွား စုစုပေါင်း (၂၂၄)ဦးတို့ အတွက် ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် လစဉ်နိုင်ငံတော်မှတစ်ဦးလျှင် ငွေကျပ် ၁၀၀၀ဝိ/ နှုန်းဖြင့် (ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ) လများအတွက် သက်ကြီးဘိုးဘွားတစ်ဦးလျှင် ၃၀၀၀ဝိ/- စုစုပေါင်း ထောက်ပံ့ငွေကျပ် ၆၇၂၀၀၀ဝိ/- ကို မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးမှူး ဒေါ်စုထားဝေနှင့် ဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးများတို့က နေအိမ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ခင်မျိုးနွယ်(ပင်းတယ)