သတင်းများ

ဝါးခယ်မ၌ မြို့မစျေးအတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်စေရေး၊ ဈေးဆိုင်ခန်းများ ဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ ကန့်သတ်ချက်များ လိုက်နာစေရေး အသိပညာပေး
Sep 21,2020
ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်အတွင်းရှိ မြို့မစျေးအပါအဝင် စျေးရောင်း စျေးဝယ်များအနေဖြင့် ကိုဗစ် ၁၉ ရောဂါ ကူးစက်မှုမရှိစေရေး အတွက် ကြိုတင်ကာကွယ် နိုင်စေရေးနှင့် တိုင်းဒေသကြီးအဆင့် ကိုဗစ် ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက ထုတ်ပြန် ကြေညာထားသော သတိပေးတားမြစ်မိန့်နှင့် ညွှန်ကြား ချက်များအား လိုက်နာစေရေးအတွက် တာဝန်ရှိသူများက ယနေ့ နံနက် ၈ နာရီတွင် မြို့မစျေးအတွင်း အသိပညာပေးခြင်းကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
သံတောင်ကြီးမြို့တွင် အခြေခံလူတန်းစားများအတွက် စတုတ္ထ အကြိမ် ထောက်ပံ့ငွေပေးအပ်
Sep 21,2020
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် နိုင်ငံတော်မှပုံမှန် ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများ အတွက် စတုတ္ထအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့က မြို့ပေါ် ရပ်ကွက်များတွင် ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သိရသည်။
ထီးလင်း၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများ စတင်ထုတ်ပေးလျက်ရှိ
Sep 21,2020
ဂန့်ဂေါခရိုင် ထီးလင်းမြို့ မြန်မာ့စီးပွားရေး ဘဏ်ခွဲရုံး၌အငြိမ်းစား ဝန်ထမ်းများအား ယနေ့နံနက်ပိုင်းမှ စ၍ ပင်စင်လစာများ စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
သံတောင်မြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၁၁၃၇) စုအတွက် စတုတ္ထအကြိမ် ထောက်ပံ့ငွေပေးအပ်
Sep 21,2020
ကရင်ပြည်နယ်၊ သံတောင်မြို့နယ်တွင် နိုင်ငံတော်မှပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် စတုတ္ထအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့က သံတောင်မြို့ပေါ် ရပ်ကွက်များတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
တွံတေးမြို့နယ်တွင် လူငယ်မောင်မယ်များ ကျန်းမာကြံ့ခိုင်စေရေး ကိုယ်လက်လှုပ်ရှား အားကစားကွင်း ဖွင့်လှစ်
Sep 21,2020
ကျေးလက်နေ ပြည်သူလူထု ကျန်းမာကြံခိုင်စေရေးနှင့်အားကစားလေ့ကျင့်ခန်းများ ပြုလုပ်ခြင်း ဖြင့် ရောဂါဘယကင်းဝေးပြီး သက်ရှည်ကျန်းမာကြံ့ခိုင်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ စမ်းရွာကျေးရွာအုပ်စု၊
ဘောဂလိနယ်မြို့၌ (၅၆) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးပြုလုပ်
Sep 21,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် (၅၆)နှစ် မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘောဂလိနယ်မြေရဲတပ်ဖွဲ့မှ ယမန်နေ့ နံနက်ပိုင်းက အမှတ် (၄) ရပ်ကွက်ရှိ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်း၌
ဟားခါးမြို့နယ် ဆူရ်ခွါးမြို့တွင် လေပြင်းတိုက်ခိုက်မှုကြောင့် လူနေအိမ်တစ်လုံး အမိုးလန်ပျက်စီး
Sep 21,2020
ဟားခါးမြို့နယ် ဆူရ်ခွါးမြို့ စလုံပူးရပ်ကွက်တွင် ယမန်နေ့က လေပြင်းတိုက်ခိုက်မှုကြောင့် လူနေအိမ်တစ်လုံး သွပ်မိုး(၁၅)ချပ်ခန့် အမိုးလန်ပျက်စီးခဲ့သဖြင့် ဆူရ်ခွါးနယ်မြေ မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ထန်းတပင်မြို့နယ်တွင် ဓာတ်ခွဲအတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူများ၏ နှာခေါင်းတို့ဖတ်နှင့် အာခေါင်တို့ဖတ် (Swab)များကို အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) သို့ ပေးပို့ကာ စစ်ဆေးဆောင်ရွက်
Sep 21,2020
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်တွင် ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ ခဲ့သူ (Primary Contacts) (၆၆)ဦးတို့၏ နှာခေါင်းတို့ဖက်နှင့် အာခေါင်တို့ဖက်(Swab) များကို စက်တင်ဘာလ(၂၀)ရက်နေ့က