မိုင်းယုမြို့၌ (၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုသည့်အနေဖြင့် စုပေါင်းသန့်ရှင်းရေးပြုလုပ်

မိုင်းယု   စက်တင်ဘာ   ၂၁

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင် မိုင်းယုမြို့တွင် ၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလ (၁)ရက်နေ့တွင်ကျရောက်မည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် ယနေ့ နံနက် ၈ နာရီက အခြေခံပညာအထက်တန်းကျောင်း၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် နယ်မြေခံ စခန်းမှူး ရဲအုပ် အောင်ဇော်မင်း  ကြီးကြပ်မှုဖြင့် ရဲတပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ရောဂါကာလအတွင်း ယာယီပိတ်ထားရသည့် မိုင်းယုမြို့ အခြေခံပညာအထက်တန်းအတွင်း သစ်ပင်ခြုံနွယ်များထူထပ်စွာပေါက်ရောက်မှုမရှိစေရေးအတွက် မြက်များခုတ်ထွင်ရှင်းလင်းရှင်းခြင်း၊ သစ်ရွက် သစ်ခက်များ လှည်းယူရှင်းလင်းခြင်းများကို စုပေါင်းစနစ်တကျ စွန့်ပစ်ဆောင်ရွက်ခဲ့ကြကြောင်း  သိရသည်။

 

ကိုကိုနိုင်(ပြန်/ဆက်)