ပန်းဘဲတန်း စက်တင်ဘာ ၂၁
ပန်းဘဲတန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုဖြစ်ပွားခဲ့သော အမှတ်(၇)ရပ်ကွက်၊ လမ်း(၃၀) အလယ်လမ်းရှိ Lock down ချထားခြင်းခံရသော အိမ်ထောင်စုဝင်များ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် အမှတ်(၇)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရဲနိုင် မောင်မောင်က ယမန်နေ့ မွန်းလွဲပိုင်းက ဖြန့်ဝေခဲ့ကြောင်းသိရှိရသည်။
ထိုသို့ဖြန့်ဝေရာတွင် အမှတ်(၇)ရပ်ကွက်၊ လမ်း(၃၀)အလယ်လမ်းနေ တိုက်(၃)တိုက်ရှိ အိမ်ထောင်စုဝင်ပြည်သူများအား လတ်တလောစားဝတ်နေရေးအဆင်ပြေစေရန်အတွက် ဆန်၊ ဆီနှင့် အခြေခံစားသောက်ကုန်များ၊ ဟင်းသီးဟင်းရွက်များအား ဖြန့်ဝေ လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
နေခြည်(ပြန်/ဆက်)