ပြင်ဦးလွင် စက်တင်ဘာ ၂၁
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို နေ့စဉ် နေ့/ည တာဝန်များ ခွဲကာ မိမိတို့မြို့၊ ရပ်ကွက် /ကျေးရွာများရှိ အဝင်/ အထွက်နေရာများတွင် ကျန်းမာရေးစစ်ဆေးရေးဂိတ်များကို အချိန်နှင့်တပြေးညီ ဖွင့်လှစ် ကြီးကြပ် ဆောင်ရွက်လျက်ရှိသည်။
ပြင်ဦးလွင်မြို့နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း ဆက်သွယ်ထားသော မန္တလေး - လာရှိုးလမ်း၊ ရေငယ်ကျေးရွာရှိ Mobile X – Ray အနီးတွင် ဖွင့်လှစ် ထားရှိသော မြို့အထွက်ကျန်းမာရေး စောင့်ကြည့်ဂိတ်အား နံနက် (၆) နာရီမှ ညနေ (၆) နာရီထိ နေ့/ည ဌာနဆိုင်ရာ အကြီးအကဲ များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ လုံခြုံရေးတာဝန်ခံများနှင့် တာဝန်ရှိသူများက မြို့တွင်း သွားယာဉ်များနှင့် ဖြတ်သန်းသွားလာသည့် ယာဉ်များအား လိုအပ်သည် များ ကြီးကြပ် စစ်ဆေး ကာ စာရင်းများကောက်ယူပြီး ကျန်းမာရေးညွှန်ကြားချက်များ လိုက်နာရန် အသိပေး ကြီးကြပ် ဆောင်ရွက်လျက်ရှိသည်။
ယခုလို တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများပူးပေါင်း၍ မိမိတို့ဒေသအတွင်းသို့ ပြည်သူများ
ဝင် / ထွက်သွားလာနေမှုကို အမြဲစောင့်ကြည့်၍ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ စဉ်ဆက် မပြတ် လုပ်ဆောင်နေခြင်းဟာ ကိုဗစ် - ၁၉ ရောဂါကို ကြိုတင်ကာကွယ်နိုင်ခြင်း၊ သံသယ လူနာများ တွေ့ရှိပါက သက်ဆိုင်ရာသို့ အမြန်ဆက်သွယ် ပို့ဆောင်ပေးလျက်ရှိပါကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ဇော်မျိုးထိုက် (ပြင်ဦးလွင်)