ဝက်လက်မြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်ဖြင့် စိုက်ပျိုးထားသော မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းများ ပထမအကြိမ် ကွင်းဆင်းစစ်ဆေး

ဝက်လက် စက်တင်ဘာ ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ သခွတ္တောကျေးရွာအုပ်စုတွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်ဖြင့် စိုက်ပျိုးထားသော တောင်သူ (၄၂) ဦး၏  လယ်မြေ (၂၀၆) ဧကတွင် မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းများအား ပထမအကြိမ်ကွင်းဆင်း စစ်ဆေးခြင်း ကို ယနေ့နံနက် (၇) နာရီက မြို့မစခန်းတာဝန်ခံ ဒေါ်ခင်မျိုးလတ်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေး ခဲ့ကြကြောင်း သိရှိရသည်။

ထိုသို့ကွင်းဆင်းကြည့်ရှု့စစ်ဆေးရာတွင် မိုးစပါးမျိုးစေ့ထုတ် စိုက်ပျိုးထားသော စိုက်ခင်းများတွင် ပိုးမွှား ကျရောက်မှုမရှိစေရေး၊ အခြားစပါးမျိုး ကွဲပင်များ ပါဝင်မှုမရှိစေရေးနှင့် ပေါင်းမြက်ကင်းရှင်းစေ ရေး စသည့်လုပ်ငန်းများကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ဝက်လက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများသည် မိမိတို့တာဝန်ကျရာ ပညာပေး စိုက်ပျိုးရေး စခန်းများအတွင်းရှိ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု  (CERP) အစီအစဉ်ဖြင့် စိုက်ပျိုးထားသော မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းများအားလည်း အသီးသီးကွင်းဆင်း စစ်ဆေး ဆောင်ရွက်ကြကြောင်းလည်း သိရှိရသည်။

အိမွန်ထွန်း(ဝက်လက်)