အုတ်ဖို စက်တင်ဘာ ၂၀
၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် (၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီးသော ရဲတပ်ဖွဲ့ဝင်များမှ ယမန်နေ့ နံနက် ၇ နာရီအချိန်က သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ မကျီးပင်အုပ်စု၊ မကျီးပင်ကျေးရွာ၊ ဇဗ္ဗူဥသျှောင်ဘုရားဝန်းအတွင်း၌ စုပေါင်း သန့်ရှင်းရေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သန့်ရှင်းရေးဆောင်ရွက်ရာတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ထွန်းလွင်ဦးစီးသော ရဲတပ်ဖွဲ့ဝင်များက ဘုရားဝန်းအတွင်း/ အပြင်တွင် ပေါက်ရောက်နေသည့် ပေါင်းမြက်များ၊ သစ်ပင်ချုံနွယ်များကို စုပေါင်းရှင်းလင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်သူ(အုတ်ဖို)