နောင်ချို စက်တင်ဘာ ၂၂ ရက်
ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ဈေးရပ်ကွက် ဓမ္မာရုံ၌ ယမန်နေ့ ညနေ ၃ နာရီ အချိန်က ကိုဗစ် -၁၉ ကာလအတွင်း ကျရာနေရာမှ တာဝန်ယူ ကူညီဆောင်ရွက်ပေးသူများအား အခြေခံစားကုန်ဖြစ်သည့် ဆန်နှင့်ဆီတို့ကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့ဈေးရပ်ကွက်မှ ဦးကျော်ဇောလင်း+ ဒေါ်နှင်းရီ (ရွှေပန်းတိမ် ) မိသားစုမှ မြို့နယ်ကြက်ခြေနီအဖွဲ့ဝင် ၃၁ ဦး၊ မီးသတ်တပ်ဖွဲ့ဝင် ၄၂ ဦး၊ ပြည်သူ့စစ် တပ်ဖွဲ့ဝင် ၂၀ ဦး၊ ဓမ္မစကူးလ်ဆရာ / ဆရာမ ၁၃ ဦး၊ ဈေးရပ်ကွက် ဆန်ထောက်ပံ့မှုကော်မတီ ၄ ဦးတို့အား တစ်ဦးလျှင် ဆန်(၆)ပြည်နှင့် ဆီ ၁ ပိဿာနှုန်း ထောက်ပံ့ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
နောင်ချိုမြို့နယ် ဈေးရပ်ကွက်အနေဖြင့် ကိုဗစ်-၁၉ ကာလအတွင်း အလှူရှင်များ၏ လှူဒါန်းမှု၊ ဈေးရပ်ကွက် အုပ်ချုပ်ရေးမှူး၏ စီစဉ်မှုတို့ဖြင့် ရပ်ကွက်အတွင်းရှိ ပြည်သူများအား တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ရစေရန် အခြေခံစားကုန်များကို စဉ်ဆက်မပြတ်ထောက်ပံ့ ပေးလျက် ရှိကြောင်း သိရသည်။
ထွေးငယ်၊နောင်ချိုပြန်/ဆက်