လောက်ကိုင် စက်တင်ဘာ ၂၂
၂၀၂၀ ပြည့်နှစ် ၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် (၅၆)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ၊ လောက်ကိုင်မြို့နယ် ရဲတပ်ဖွဲ့၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ငြိမ်းချမ်းအေး ဦးစီး ပြီး တပ်ဖွဲ့ဝင်(၃၅) ဦး ဖြင့် ဩဂုတ်လ ၁၉ ရက်နေ့ နံနက် ၉ နာရီက လောက်ကိုင်မြို့နယ်၊ စီအောကျေးရွာ၌ ပြည်သူ့ အကျိုးပြု စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ပြည်သူ့အကျိုးပြုစုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များသည် စီအောကျေးရွာ ဘုန်းတော်ကြီးကျောင်းတိုက်နှင့် နဂါးလိုဏ်ဂူဘုန်းတော်ကြီး ကျောင်းတိုက်တို့တွင် ချုံနွယ် ပေါင်းမြက် နှင့် အမှိုက်သရိုက်များ ရှင်းလင်းခြင်းကို စုပေါင်းသန့်ရှင်းရေး လုပ်ဆောင်ခဲ့ကာ COVID-19 ကာကွယ်၊ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့် ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်ညီ ပြည်သူ့ အကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဇော်ဇော်အောင် (ပြန်/ဆက်)