ဒဂုံမြောက် စက်တင်ဘာ ၂၂
ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား နိုင်ငံတော် အစိုးရမှ တတိယအကြိမ်ထောက်ပံ့ငွေအဖြစ် အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် နှစ်သောင်းကျပ်စီ ထောက်ပံ့ ပေးအပ်ရာ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်တွင် ယမန်နေ့က (၃၁) ရပ်ကွက်မှ အုပ်ချုပ်ရေးမှူး ဦးတင့်လွင်နှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများမှ ရပ်ကွက်အတွင်းရှိ အဆိုပါ အိမ်ထောင်စု များအား အိမ်တိုင်ရာရောက် လိုက်လံပေးအပ်လျက်ရှိကြောင်း သိရသည်။
ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား နိုင်ငံတော် အစိုးရမှ ထောက်ပံ့ငွေများ ပေးအပ်ရာတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်းရှိ ရပ်ကွက် (၂၇) ရပ်ကွက်ရပ်မှ အိမ်ထောင်စု (၁၀,၃၅၄)စုအား အိမ်ထောင်စု တစ်စုလျှင် ၂၀,၀၀၀ ကျပ်နှုန်းဖြင့် ထောက်ပံ့ငွေ စုစုပေါင်းကျပ် ၂၀၇,၀၈၀,၀၀၀/- ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
မြင့်မြင့်ရီ(ပြန်/ဆက်)