ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှုမရှိစေရေး ထီးလင်းမြို့(ယာယီ)ပျံကျဈေး၌ တာဝန်ရှိသူများ စစ်ဆေး ဆောင်ရွက်

ထီးလင်း စက်တင်ဘာ ၂၂

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှုမရှိစေရးအတွက် ဂန့်ဂေါခရိုင် ထီးလင်းမြို့(ယာယီ)ပျံကျဈေး၌ ယနေ့နံနက် ၆ နာရီခွဲတွင် တာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။
ယင်းသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ဆွေနှင့် ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဘွေကီးအောင်နှင့် စည်ပင် ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ပူးပေါင်း၍ ထီးလင်းမြို့ (ယာယီ)ပျံကျဈေးအတွင်း ဈေးရောင်း/ ဈေးဝယ် ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက် များအား တိကျစွာ လိုက်နာ ဆောင်ရွက်ရေး၊ လက်သန့် ဆေးရည်များဖြင့်လက်များ ဆေးကြော သန့်စင်ရေး၊ နှာခေါင်းစည်း(Mask)များ စနစ်တကျ တပ်ဆင် ရောင်းချဝယ်ယူရေး၊ စည်းကမ်းချက်များအား အလေးထား လိုက်နာဆောင်ရွက်ရေး၊ ဈေးရောင်း/ဈေးဝယ်သူများ အကြား သတ်မှတ် အကွာအဝေးတွင် ရောင်းချဝယ်ယူရေး၊  စသည်တို့ကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။
အောင်စည်(ပြန်/ဆက်)