ပန်းတ​နော်၌ ဈေးဆိုင်များ သတ်မှတ်ချက်များနှင့်အညီ ရောင်းချနိုင်ရေး လိုက်လံစစ်ဆေး

ပန်းတနော် စက်တင်ဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင်ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး မြို့မ စည်ပင်သာယာ ဈေးများနှင့် မြို့နယ်အတွင်းရှိဈေးဆိုင်များ၊ ဆိုင်ခန်းများအား မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့က ညွှန်ကြားချက်များအတိုင်း ဖွင့်လှစ်ရောင်းချခြင်းရှိ/ မရှိကိုယနေ့ နံနက် ၁၀ နာရီ၌ လိုက်လံစစ်ဆေးခဲ့သည်။

ထို့သို့ စစ်ဆေးရာတွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးရဲမင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ဈေးများအတွင်း ရောင်းချနေသော အခြေခံ စားသောက် ကုန်ပစ္စည်းများနှင့် ဆေးဝါးပစ္စည်းများ ရောင်းချသည့်ဆိုင်များအား နှာခေါင်းစည်း (Mask)များ စနစ်တကျ တပ်ဆင်၍ နေ့စဉ် နံနက်()နာရီမှ မွန်းလွဲ()နာရီ အထိသာ ရောင်းချရမည် ဖြစ်ကြောင်းနှင့် ကျန်ဆိုင်ခန်းများ ယာယီပိတ်ထားရမည် ဖြစ်ကြောင်း၊ မြို့တွင်း ဈေးဆိုင်များ၊ ဆံပင်ညှပ်ဆိုင်၊ အလှပြင်ဆိုင်၊ စတိုးဆိုင်၊ ကုန်ခြောက်ဆိုင်၊ အိမ်ဆောက်ပစ္စည်းဆိုင် အနေဖြင့် နံနက်() နာရီမှ ()နာရီအထိ  သတ်မှတ်ချက်များ နှင့်အညီ ဖွင့်လှစ်ရောင်းချရမည် ဖြစ်ကြောင်း အသိပညာပေးခြင်းများနှင့်  ကြပ်မက်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပန်းတနော်)