သတင်းများ

သီပေါမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး (စာရေးဝန်ထမ်း)များအား ထောက်ပံ့ငွေများပေးအပ်
Sep 24,2020
သီပေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ရပ်ကွက်/ကျေးရွာ အုပ်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး (စာရေးဝန်ထမ်းများ)အား ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်၊ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၏ လုပ်ငန်းတာဝန်များ ကြိုးပမ်းဆောင်ရွက်နေမှုများကို အသိအမှတ်ပြုသည့် အနေဖြင့် နိုင်ငံတော်မှ ထောက်ပံ့ငွေပေးအပ်ခြင်းကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်ခန့်က ပြုလုပ်ခဲ့သည်။
ပုလောမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Sep 24,2020
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၀င်များနှင့် ဌာနဆိုင်ရာ ၀န်ထမ်းများ၊ ရပ်ကွက် /ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့တို့ပူးပေါင်း၍ ယနေ့နံနက် (၉)နာရီက ပုလောမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြောက်ကျွန်းကျေးရွာ၌ အိမ်ထောင်စုတစ်စုလျှင် ဆန်တစ်အိတ်၊ ဆီငါးပိဿာနှင့် ကြက်ဥ အလုံး ၃၀ စီ ထောက်ပံ့လှူဒါန်း
Sep 24,2020
မြင်းခြံမြို့နယ် မြောက်ကျွန်းကျေးရွာရှိ ပြည်သူများ ကိုဗစ်-၁၉ ကာလတွင် စားနပ် ရိက္ခာအခက်အခဲ မဖြစ်ပေါ်စေရေးအတွက် မန္တလေးမြို့နေ ဦးမန်းစိန်+ဒေါ်မာလာ (သား) ဝေလင်းထိုက် (လင်းထိုက် မြန်မာကုမ္ပဏီ) မိသားစုက ယမန်နေ့ ညနေ ၃ နာရီက ထောက်ပံ့လှူ ဒါန်းပေးခဲ့ကြောင်း သိရသည်။
ကျောက်တန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Sep 24,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်တွင် ယခုလက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ အတည်ပြုလူနာ (၂၂) ဦးထိရှိလာ ပြီဖြစ်သဖြင့် ရောဂါကူးစက်ပျံ့နှံ့မှုကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
တောင်သာမြို့နယ်တွင် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး အထူးရဲ ၃၂၂ ဦး ခန့်အပ်သွားမည်
Sep 24,2020
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန်နှင့် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာမဲပေးနိုင်ရေးအတွက် မဲရုံအသီးသီးတွင် တာဝန်ထမ်းဆောင်ရန် အထူးရဲ (၃၂၂) ဦး ခန့်အပ်တာဝန်ချထားပေးသွားမည်ဖြစ်ကြောင်း တောင်သာမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ရွာသစ်မြို့ ပြည်သူ့စာကြည့်တိုက်၌ ကိုဗစ်-၁၉ ကာလအတွင်း Online အစီအစဉ်ဖြင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Sep 24,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်ချုပ်ရေးအတွက် စက်တင်ဘာလ(၉)ရက်နေ့ နံနက်ပိုင်းမှ စတင်၍ ပြည်သူ့ စာကြည့်တိုက် စာအုပ်/စာစောင်များ ငှားရမ်းခြင်းကို ခေတ္တပိတ်ထားပြီး Online အစီအစဉ်ဖြင့် အသိပညာပေး လုပ်ငန်း များ ဆောင်ရွက်လျက်ရှိပါသည်။