ပုသိမ်ကြီး ဖေဖော်ဝါရီ ၁၃
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ မြို့နယ်မြေပြင်လူဦးရေစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီမှ မြို့နယ်အတွင်းရှိ လူဦးရေစာရင်းမှန်ကန်စေရေး၊ မြေပြင်ကွင်းဆင်းစာရင်းစိစစ်မှုများကို ဖေဖော်ဝါရီလ ၃ ရက်နေ့မှစ၍ ဆောက်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့မရပ်ကွက်၊ အောင်မင်္ဂလာ (၁) အကွက်၌ ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။
မြေပြင်ကွင်းဆင်း ဆောင်ရွက်ရာတွင် အိမ်ထောင်စု အမှတ်စဥ်နှင့် မိသားစုအမှတ်စဥ်များကို နေရပ်လိပ်စာအတိုင်း၊ နေထိုင်ခြင်း ရှိ/မရှိ၊ စာရင်းပြုစုခြင်း၊ သေဆုံးစာရင်းများ အတည်ပြုခြင်း၊ စာရင်းရှိသော်လည်း မြေပြင်တွင် နေထိုင်မှုမရှိသူများနှင့် စာရင်းမရှိ နေထိုင်သူများ စာရင်းပြုခြင်း၊ မည်သည့်လက်မှတ်မျှ ကိုင်ဆောင်ခြင်းမရှိသူများ၊ အိမ်ထောင်စုစာရင်းမရှိသူများအား စိစစ်၍ အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်လက်မှတ်တစ်ခုခု ရရှိစေရေးတို့ကို ကွင်းဆင်းဆောင်ရွက်ပေးမည်ဖြစ်သည်။
အဆိုပါကွင်းဆင်းရာသို့ မန္တလေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူးဦးစိုးလွင်၊ မြို့နယ်ဦးစီးအရာရှိ ဦးကျော်မင်းထွန်း၊ မြို့နယ်မြေပြင်စာရင်းကောက်ယူရေး ကော်မတီဝင်များမှ ကြီးကြပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇာနည်ကိုကို