သရက်ချောင်းမြို့နယ်၌ (၇၈)နှစ်မြောက် ပြည်‌ထောင်စုနေ့ အထိမ်းအမှတ် အမျိုးသား သုံးယောက်တွဲ (အလွတ်တန်း) ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

သရက်ချောင်း ဖေဖော်ဝါရီ ၁၃

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ (၇၈)နှစ်မြောက် ပြည်‌ထောင်စုနေ့ အထိမ်းအမှတ် အမျိုးသားသုံးယောက်တွဲ (အလွတ်တန်း) ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က သရက်ချောင်းမြို့နယ်၊ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အမျိုးသားသုံးယောက်တွဲ(အလွတ်တန်း) ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲအား ကျင်းပရာ မီးသတ်အသင်းနှင့် မြို့မအသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားနေမှုကို သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သက်ထူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒိုင်အဖွဲ့ဝင်များ၊ အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါ ဗိုလ်လုပွဲတွင် မီးသတ်အသင်းက (၃)ပွဲ(၂)ပွဲဖြင့် အနိုင်ရရှိခဲ့ပြီးနောက် ဆုချီးမြှင့်ပွဲ ဆက်လက်ကျင်းပရာ နေရာအလိုက် အကောင်းဆုံးအားကစားသမားဆုများနှင့် ပြိုင်ပွဲတွင် ဒုတိယရရှိသော မြို့မအသင်းနှင့် ပထမဆုရရှိကြသော မီးသတ်အသင်းတို့မှ အားကစားသမားများအား လည်ဆွဲဆု၊ ငွေသားဆုနှင့် တံခွန်စိုက်ဒိုင်းဆုကို တာဝန်ရှိသူများက ဆုချီးမြှင့်ပေးခဲ့ကာ အခမ်းအနား ရုပ်သိမ်းလိုက်ပြီးနောက် တာဝန်ရှိသူများက ဆုရအားကစားသမားများနှင့် အမှတ်တရ မှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သတင်းရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)