သင်္ဃန်းကျွန်းမြို့နယ်၌ မြန်မာ့ရိုးရာထမနဲထိုးပွဲ ကျင်းပ

သင်္ဃန်းကျွန်း ဖေဖော်ဝါရီ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးဝန်းအတွင်း၌ မြန်မာ့ရိုးရာထမနဲထိုးပွဲကို ဖေဖော်ဝါရီ ၁၁ ရက်နေ့ နေ့လယ် ၂ နာရီ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါထမနဲထိုးပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများဖြင့် တပို့တွဲလ ထမနဲထိုးပွဲအဖြစ် မြန်မာ့ရိုးရာထမနဲထိုးပွဲ ကျင်းပခဲ့ပြုလုပ်ခဲ့ကြသည်။ ထို့နောက် ထမနထိုးပွဲတွင် ဆုရရှိသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမျိုးနှင့် မြို့နယ်အမျိုးသမီး‌ရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်လှိုင်မဉ္ဇူတို့မှ အမှတ်တရဂုဏ်ပြုဆု‌ငွေများ ချီးမြှင့်‌ပေးခဲ့ကြောင်း သိရှိရပါသည်။

သိန်းအောင် (ခရိုင်ပြန်/ဆက်)