လပွတ္တာ ဖေဖော်ဝါရီ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ (၃)မိုင်မြို့တွင် ယနေ့နံနက် ၈ နာရီခွဲအချိန်က မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ်အဖြစ် လူငယ့်အားမာန်သင်တန်းကျောင်း၌ အမှတ်(၁)နှင့် အမှတ်(၂)မူလတန်းကြိုကျောင်းများ၏ ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီးအောင်ဖုန်းဟန်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့များ၊ အမျိုးသမီးရေးရာအဖွဲ့များ၊ ကျောင်းသား မိဘများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦးက အဖွင့်အမှာစကားပြောကြားခြင်း၊ အမှတ်(၁)မူလတန်းကြိုကျောင်း၏ ရင်သွေးငယ်လေးများက ကပြဖျော်ဖြေခြင်း၊ ရင်သွေးငယ်လေးများ၏ ဉာဏစွမ်းရည် ပြိုင်ပွဲများကျင်းပခြင်း၊ အမှတ်(၂)မူလတန်းကြိုကျောင်း၏ ရင်သွေးငယ်လေးများက ကပြဖျော်ဖြေပြီး ဉာဏပြိုင်ပွဲတွင် ဆုရရှိသည့် ရင်သွေးငယ်လေးများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများမှ ဆုများအသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)