ဒဂုံ ဖေဖော်ဝါရီ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ် ပြည်လမ်းအရှေ့ရပ်ကွက်၊ ပြည်သူ့ရင်ပြင်တွင် ယမန်နေ့နံနက် ၇ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၀န်ကြီးချုပ်က နိုင်ငံတော်၀န်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှပေးပို့သော ပြည်ထောင်စုနေ့သ၀ဏ်လွှာကို ဖတ်ပွဲအခမ်းအနားကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီး၀န်ကြီးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့အရာရှိကြီးများ၊ ဌာနဆိုင်ရာအရာရှိပုဂ္ဂိုလ်များနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များတက်ရောက်ကြသည်။ ဆက်လက်၍ သ၀ဏ်လွှာဖတ်ကြားပွဲအခမ်းအနားအပြီးတွင် ရန်ကုန်တိုင်းဒေသကြီးကဏ္ဍအလိုက် ဌာနဆိုင်ရာပြခန်းများ၊ MSME အရောင်းပြခန်းများ ဂီတပွဲတော်အခမ်းအနားဖွင့်ပွဲကို ရန်ကုန်တိုင်းဥက္ကဋ္ဌ(မြို့တော်၀န်)၊ တိုင်းဒေသကြီး၀န်ကြီးများနှင့်တာ၀န်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြသည်။
ထို့နောက်၀န်ကြီးချုပ်နှင့်၀န်ကြီးများသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး၍ ပြခန်းများကို လှည့်လည်ကြည့်ရှုကြသည်။ အဆိုပါအခမ်းအနားသို့ ကြွရောက်လာသူများကို မြို့တော်စည်ပင်စီမံရေးရာဌာနမှ လန်းဆန်းစာ၊ ကောက်ညှင်းပေါင်း ၊အကြော်၊ ငါးခြောက်၊ လက်ဖက်ရည်များဖြင့် ဧည့်ခင်းကျွေးမွေးခဲ့ပြီး အခမ်းအနားတက်ရောက်သူ ၁၈၉၇ ဦးရှိကြောင်း သတင်းရရှိပါသည်။
မြို့နယ်(ပြန်/ဆက်)