မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် စွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ဇီးကုန်း ဖေဖော်ဝါရီ ၁၄

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ စံပြမူလတန်းကြိုကျောင်းမှကြီးမှူး၍ မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် စွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ဇီးကုန်းမြို့နယ် အားကစားခန်းးမတွင် ကျင်းပခဲ့သည်။

 ရှေးဦးစွာ စံပြမူလတန်းကြိုကျောင်း ရင်သွေးငယ်လေးများက "ကလေးများနေ့ " သီချင်းဖြင့် သီဆို၍ အခမ်းအနားအားဖွင့်လှစ်ခဲ့သည်။ ဆက်လက်၍ ရင်သွေးငယ်လေးများက အရုပ်ထောင်၊ ဘူဖောင်းသယ်၊ ပါဆယ်ဆက်၊ အာလူးကောက်၊ ဘောလုံးလက်ဆင့်ကမ်း၊ ဖိနပ်ရွေး၊ ခုံလုအပါအဝင် အားကစားနည်း ၁၅ မျိုးကို ပျော်ရွင်စွာ ယှဉ်ပြိုင်ကစားခဲ့ကြပြီး၊ ဆုရရှိသူများအား လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်ဇော်ထက်နှင့် တာဝန်ရှိသူများက အမှတ်တရဆုလက်ဆောင်များ ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

အဆိုပါ မြန်မာကလေးများနေ့ အထိမ်းအမှတ် စွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားသို့ ဇီးကုန်းစံပြမူလတန်းကြိုကျောင်း၊ ပုဂ္ဂလိကမူလတန်းကြိုကျောင်း၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းနှင့် မိခင်ဝိုင်းတို့မှ ကလေးစုစုပေါင်း(၁၃၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး၊ ကျောင်းသားမိဘများ၊ ဌာနဆိုင်ရာများ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

တင့်ဆွေ (ပြန်/ဆက်)