ချောက်မူလတန်းကြိုကျောင်း၌ ကလေးများနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့် နိဗ္ဗာန်‌ဈေးရောင်းပွဲတော် ကျင်းပ

​ချောက် ဖေဖော်ဝါရီ ၁၄

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ချောက်မြို့ မူလတန်းကြိုကျောင်း၌ ကလေးများနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့် နိဗ္ဗာန်‌ဈေးရောင်းပွဲတော်ကို ယမန်‌နေ့နံနက် ၉ နာရီခွဲအချိန်က ယင်းကျောင်းရှိခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ လူမှုဝန်ထမ်းဦးစီးဌာန၊ချောက်မူလတန်းကြိုကျောင်းမှ ကျောင်းသား/သူလေးများက “က‌လေးများနေ့” သီချင်းဖြင့်လည်းကောင်း၊" အောင်ဆန်းဇာနည်"၊ "တို့ဗိုလ်ချုပ်" ကဗျာများဖြင့်လည်းကောင်း အဖွင့်သီဆို‌ခဲ့ကြသည်။

ထို့နောက်ချောက်မူလတန်းကြိုကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းမမဝင်းနှင့် ဆရာမများက က‌လေးများနေ့အထိမ်းအမှတ် နိဗ္ဗာန်ဈေးရောင်းပွဲတော်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကလေးများနှင့်အတူ ပျော်ရွှင်စွာ နိဗ္ဗာန်ဈေးရောင်းပွဲတော်ကို ကျင်းပပေးခဲ့သည်။

အဆိုပါ ကလေးများနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့် နိဗ္ဗာန်‌ဈေးရောင်းပွဲတော်တွင် ချောက်မူလတန်းကြိုကျောင်းမှ ကျောင်းသား/သူ ကလေးငယ်စုစုပေါင်း ၁၅၈ ဦးနှင့်အတူ မိဘအုပ်ထိန်းသူများပါ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)