မုံရွာ ဖေဖော်ဝါရီ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ မီးသတ်ဦးစီးဌာန၏ အနီးကပ်ကြီးကြပ်လမ်းညွှန်မှုဖြင့် မုံရွာမြို့နယ်အတွင်း မီးလောင်မှုမီးလန့်မှုများ မဖြစ်ပွားစေရေးနှင့်ပြည်သူများ မီးဘေးအသိ မီးဘေးသတိရှိနေစေရေးအတွက် အစဥ်အလေးထားကာ မုံရွာမြို့နယ် မီးသတ်ဦးစီးမှူး ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များသည် မြို့ပေါ်ရပ်ကွက်များရှိ စာသင်ကျောင်းများ၊ ဈေးများ၊ ရုံးများ၊ လူနေအိမ်များတို့တွင် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေအား ယမနနေ့နံနက်ပိုင်းမှစတင်ပြီး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက မုံရွာမြို့ပေါ် ရပ်ကွက်များရှိ အ.ထ.က(၁.၂.၃.၇)၊ အ.မ.က ၇၊ အ.ထ.က-၁(အလုံ)ကျောင်းများအပြင် ဈေးများ၊ ဆေးရုံများ၊ကားဂိတ်များပါမကျန် မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက် ထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား အကြံပြုပြောကြားခဲ့ကာ မီးသတိမူရေးလှည့်လည်ဆော်သြခြင်းများကို လည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)