သာကေတမြို့နယ်တွင် ပန်းခင်းစီမံချက်အဆင့် (၃) နိုင်ငံသားစိစစ်ရေးကဒ်ပြားများပေးအပ်

သာကေတ ဖေဖော်ဝါရီ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ အမှတ် () အခြေခံပညာအထက်တန်းကျောင်း စိန်ညီလာခန်းမတွင် ယနေ့နံနက် (၁၀) နာရီအချိန်က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် ဆောက်ရွက်ပြီးစီးသည့် နိုင်ငံသားစီစစ်ရေးကတ်ပြားပေးအပ်ပွဲ အခမ်းအနားကိုကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးသူရိန်ဇော်၊ အဖွဲ့ဝင် (၂) ဦးညွန့်ဝေ၊ အဖွဲ့ဝင် (၃) မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဝန်ကြီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစံသိန်း၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့ရဲမှူးညွှန့်ဝင်း မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်ပြည့်ဖြိုးဝင်းနှင့်အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ​မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူကအဖွင့်အမှာစကားပြောကြားခဲ့ပြီး ဥပဒေအရကိုင်ဆောင်ခွင့်ရှိသော နိုင်ငံသားစိစစ်ရေးကတ်၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုလက်မှတ်တစ်မျိုးမျိုးကိုင်ဆောင်ခွင့်ရရှိနိုင်ရန်အတွက် ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် ဆောင်ရွက်ပြီးစီးသည့် စီမံချက်တွင် အကျုံးဝင်သော အသက် (၁၆) နှစ်နှင့် အသက် (၁၈) နှစ်ကြားရှိ ကျောင်းသား (၃၂) ဦး၊ ကျောင်းသူ (၅၁) ဦး၊ စုစုပေါင်း (၈၃) ဦးအား နိုင်ငံသားစီစစ်ရေးကတ်ပြားများအား တာဝန်ရှိသူ အသီးသီးကပေးအပ်ကာ အမှတ် (၂) အခြေခံပညာအထက်တန်း ကျောင်းအုပ်ဆရာကြီး ဦးစောသက်ဇေအောင်က ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ပန်းခင်းစီမံချက်အဆင့် (၃) နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲအခမ်းအနားအား ရုတ်သိမ်းခဲ့သည်။

သာကေတမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (၆) ကျောင်းရှိ ပန်းခင်းစီမံချက် အဆင့် (၃) တွင် အကျုံဝင်သည့် ကျောင်းသား၊ ကျောင်းသူ (၄၁၀) ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။

ဆောင်းနှင်းဖြူ (ပြန်/ဆက်)