မုံရွာ ဖေဖော်ဝါရီ ၁၄
ဒေသတွင်း လူငယ်များ အလုပ်အကိုင် အခွင့်အလမ်းများရရှိကာ လူမှုစီးပွားဘဝပြည့်စုံရေး အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွန်ပုံ ပိုးပေးမှုဖြင့် မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန( Community Centre )ခန်းမ၌ ပန်းအလှဆင်သင်တန်း ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီ ခွဲ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာဖွင့်ပွဲအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ရွှေလဝါဝါက လူငယ်များ အလုပ်အကိုင် အခွင့် အလမ်းများရရှိရေး သင်တန်းများဖွင့်လှစ်ပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး နောက် သင်တန်းနည်းပြ ဒေါ်လှလှရွှေက ပန်းအလှဆင်သင်တန်းတွင် စာတွေ့လက်တွေ့ ပို့ချပေးသွားမည့် သင်ခန်းစာများနှင့် ပန်းအလှဆင် ဆောင်ရွက်ရခြင်းတို့၏ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ မုံရွာမြို့ရှိဌာနဆိုင်ရာများမှ ဝန်ထမ်းများအပြင် ဒေသတွင်း လူငယ်များ စုစုပေါင်း သင်တန်းသူ ၁၅ ဦးတက်ရောက် ခဲ့ကြပြီး သင်တန်းကာလမှာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့အထိ စာတွေ့ လက်တွေ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ခရိုင် (ပြန်/ဆက်)