သတင်းများ

မဟာအောင်မြေမြို့နယ်၌ ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Feb 15,2025
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် TEL ကိုယ်ပိုင်အထက်တန်းကျောင်း၌ ယမန်နေ့ နေ့လယ်ပိုင်းက ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့သည်။
တောင်ဥက္ကလာပမြို့နယ် အမှတ် (၁၄) ရပ်ကွက်၌ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများအား အသိပညာပေးရှင်းလင်းခြင်းအခမ်းအနား ဆောင်ရွက်
Feb 15,2025
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများ အသိပညာပေးရှင်းလင်းခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အမှတ် (၁၄) ရပ်ကွက်၊ မုနိဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးလှိုင် သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များမှ ကော်မရှင်ဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များနှင့်တွေ့ဆုံ
Feb 15,2025
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးလှိုင်သည် တာဝန်ရှိသူများလိုက်ပါလျက်  သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များမှ ကော်မရှင်ဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲကို ယနေ့နံနက် ၁၀ နာရီက သာယာဝတီခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ 
ကြံခင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာ​ပေချစ်မြတ်နိုးသူများအသင်း (Book Club၊ Women Club) အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းပြုလုပ်
Feb 15,2025
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့ နံနက်ပိုင်းက​ စာပေချစ်မြတ်နိုးသူများအဖွဲ့ (Book Club၊ Women Club)များနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း ၍ စာရေးဆရာ လူထုစိန်ဝင်း ရေးသားသော "ပန်းတိုင်ကဘာလဲနှင့် အခြေားဆောင်းပါးများ" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ကြသည်။
ပွင့်ဖြူမြို့နယ် မဲဇလီရေလွှဲဆည်မှ နွေသီးနှံအတွက် စိုက်ပျိုးရေများ စတင်ဖြန့်ဝေပေး
Feb 15,2025
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ နွေသီးနှံ အချိန်မီစိုက်ပျိုးနိုင်ရန် ရည်ရွယ်၍ မဲဇလီရေလွှဲဆည်မှ ဆည်ရေများကို ယနေ့နံနက်ပိုင်းကစပြီး စိုက်ပျိုးရေများ ဖြန့်ဝေပေးနေပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
ပုသိမ်ကြီးမြို့နယ်တွင် တပ်မတော်နယ်လှည့် ဆေးကုအဖွဲ့မှ ပြည်သူများအား ဆေးကုသမှုဆောင်ရွက်ပေး
Feb 15,2025
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ မြို့မရပ်ကွက်၊ ဗဟိုမြို့မကျောင်းတိုက်ဝန်းအတွင်းရှိ ဓမ္မပါလသာသနာ့ဗိမာန်တွင် ယနေ့နံနက် ၈နာရီခွဲကစတင်၍ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်ဝင်း ဦးစီး၍ အထွေထွေရောဂါကုပါရဂူကြီး (၇)ဦး၊ သွားအထူးကုပါရဂူကြီး (၁)ဦး၊ သူနာပြုအရာရှိ (၁)ဦး၊ အမျိုးသမီးသူနာပြု (၃)ဦး၊ အကူ(၂)ဦး၊ ပေါင်း(၁၄)ဦးတို့မှ သံဃာတော်များနှင့်ရပ်ကွက်အတွင်းရှိ ပြည်သူများအား ဆေးကုသမှုဆောင်ရွက်ပေးခဲ့ကြသည်။
ခိုလမ်မြို့တွင် မီးခိုးမြူငွေ့ညစ်ညမ်းမှုအန္တရာယ်လျော့ချရေးနိုင်ရေး အသိပညာပေးဆွေးနွေးပွဲနှင့် သဘာဝမြေဆွေးပုံပြုလုပ်နည်း သရုပ်ပြပွဲကျင်းပ
Feb 15,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့တွင် မီးခိုးမြူငွေ့ညစ်ညမ်းမှုအန္တရာယ်လျော့ချရေးနိုင်ရေး အသိပညာပေးဆွေးနွေးပွဲနှင့် သဘာဝမြေဆွေးပုံပြုလုပ်နည်းသရုပ်ပြပွဲကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က တုန်ဟုန်းကျေးရွာအုပ်စု၊ (၂၉)မိုင်ကျေးရွာ၌ ကျင်းပခဲ့သည်။
ကျောက်ပန်းတောင်းမြို့နယ်ရှိ ဘူမိနယ်မြေ(၁၅) ဂဲမိုးအိုင်အား လာရောက်လေ့လာနိုင်
Feb 15,2025
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်၏ အရှေ့မြောက်ဘက်ရှိ ပုပ္ပားတောင်သည် နှစ်သန်းပေါင်းများစွာက မီးတောင်ရှင်တစ်လုံးဖြစ်ခဲ့ပြီး မီးတောင်ပေါက်ကွဲစဉ် မီးတောင်ပြာများ၊ ချော်တုန်းချော်ခဲများ နှစ်ကာလကြာမြင့်လာချိန် အသွင်ပြောင်းလာရာမှ တန်ဖိုးမဖြတ်နိုင်သည့် ကျောက်ဆိုင်ကျောက်သားများဖြစ်လာကာ ကျောက်ပန်းတောင်းမြို့နယ် ကန်ပတ်လည်အုပ်စု၊ လဲဂွကျေးရွာ၊ လက်ပံအိုင်ကျေးရွာအနီး ဘူမိနယ်မြေ(၁၅) ဂဲမိုးအိုင်အဖြစ် သတ်မှတ်ထားသောနေရာကို လာရောက်လေ့လာနိုင်ကြောင်း ပုပ္ပားတောင်ဉယျာဉ်အုပ်ချုပ်ရေးမှူး ဦးတင်အုန်းကျော်ထံက သိရသည်။