ရမည်းသင်းမြို့၊ ဝါတိုးအခြေခံပညာအလယ်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့်စာအုပ်ပြပွဲ ဆောင်ရွက်

ရမည်းသင်း ဖေဖော်ဝါရီ ၁၅

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် ဝါတိုးအခြေခံပညာအလယ်တန်းကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ယမန်နေ့ နေ့လယ် (၁) နာရီအချိန်တွင် ကျောင်းသား/ သူများ အသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲ၊ နံရံကပ် စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲများကို ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန္တာလင်းက ကလေးအလုပ်သမားအကြောင်း သိကောင်းစရာများနှင့် နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကို အကျိုးရှိစွာအသုံး ချတတ်စေရန်တို့ကို ဟောပြောခဲ့သည်။

အဆိုပါဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဝန်ထမ်းများက ကလေးအလုပ်သမားလက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ပြီး အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်၊ စာစောင်များအား ခင်းကျင်းပြသရာ ကျောင်းသား/ သူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။

အေးအေးမွန်(ခရိုင်ပြန်/ဆက်)