ရေတာရှည်မြို့နယ်ရှိ CB Bank ၌ ဘဏ်ဝန်ထမ်းများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး ဆောင်ရွက်

ရေတာရှည် ဖေဖော်ဝါရီ ၁၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များမှ ဘဏ်ဝန်ထမ်းများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးလောင်မှု ဖြစ်ပေါ်လာလျှင် လုပ်ဆောင်ရမည့် နည်းလမ်းများကို သိရှိစေရန်ရည်ရွယ်၍ ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က CB Bank ၌ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်မီးသတ်တပ်ဖွဲ့ ဦးစီးအရာရှိ ဦးကောင်းထက်နိုင်နှင့် တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် လိုအပ်သည်များကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာများ၊ မီးလောင်မှု ဖြစ်ပေါ်လာလျှင် ဆောင်ရွက်သင့်သည့်အချက်များ၊ မီးသတ်ဆေးဗူးအသုံးပြုပုံ စသည့် အကြောင်းအရာများကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)