လက်ပံတန်းမြို့နယ်၌ စားအုန်းဆီရောင်းချ‌နေမှု ပူးပေါင်းအဖွဲ့ ကွင်းဆင်းစစ်ဆေး

လက်ပံတန်း ဇူလိုင် ၁၁

ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ်၌ ဇူလိုင် ၁‌၀ ရက် မွန်းလွဲပိုင်းက စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးနိုင်လင်းထွန်း၊ သာယာဝတီခရိုင် ဆီကုန်သည်များအသင်းဥက္ကဋ္ဌ ဦးပြည့်ဖြိုးပိုင်၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ စားအုန်းဆီများ ရောင်းချပေးနေမှုလုပ်ငန်းများ၌ ဆီရရှိမှု သုံးစွဲနေမှု အ‌ခြေအနေများကို ကွင်ဆင်းစစ်ဆေးခဲ့သည်။

ထိုသို့ စစ်‌ဆေးရာတွင် ကိုယ်စားလှယ်ဆိုင်များမှ စားသုံးသူပြည်သူများသို့ ရောင်းချပေးရာ၌ မှန်ခြောက်မှန်ဖြင့်  ရောင်းချပေးမှု ရှိ/မရှိ၊ လုပ်ငန်းများ၌ စားအုန်းဆီများ ရရှိသုံးစွဲနေမှုများနှင့် သက်ဆိုင်ရာက ကန့်သတ်ထားသည့် ဘူးသွတ်ဆီများ ဈေးကွက်အတွင်း ရောင်းချနေမှု မရှိ‌စေရေးတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)