မိုင်းယောင်းမြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်

မိုင်းယောင်း ဇူလိုင် ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ယမန်နေ့က ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူးသည် ခရိုင်ထွေ/အုပ်ရုံး၌ ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန် ပေးအပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် အခြေခံပညာကျောင်းများတွင် ကျောင်းပုံမှန်တက်ရောက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးများကို တက်ရောက်ပြီး ဝမ်ဘိုးကျေးရွာ၌ Robusta ကော်ဖီပင်စိုက်ပျိုးရန် ပြင်ဆင်ထားရှိမှု အခြေအနေနှင့် ဟောင်ကြန့်ကျေးရွာ၌ ဘိလိယက်လိုင်စင် လျှောက်ထားသည့်နေရာတို့ကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထို့နောက် ဗလမင်းထင်ခန်းမ၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်မျိုးအေးချိုနှင့်အတူ မြို့နယ်နိမိတ်ပြင်ပနေဝန်ထမ်း ငါးဦးအား တစ်ဦးလျှင် ငွေကျပ် ၁၀၀၀၀၊ ဝန်ထမ်းလေးဦး၏ မိဘများအတွက် ကျန်းမာရေးထောက်ပံ့ငွေ တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀၊ ပြည်သူ့စစ်မှုထမ်းဆောင်နေသည့် ဝန်ထမ်းသားသမီးအတွက် ထောက်ပံ့ငွေကျပ် ၅၀၀၀၀ ပေးအပ်ခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း