ထန်းတပင်မြို့နယ်၌ ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း(TOT) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

ထန်းတပင်(ပဲခူး) ဇူလိုင် ၁၁

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်း (TOT) သင်တန်းဆင်းပွဲ အခမ်းအနားကို မြို့နယ်သီရိမင်္ဂလာခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။

အဆိုပါ သင်တန်းဆင်းပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမျိုးအောင်က သင်တန်းဆင်း အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ဥပဒေအရာရှိ ဒေါ်အိသန္တာကျော်က သင်တန်းပြီးဆုံးသွားပြီဖြစ်သည့်အတွက် ရပ်ကွက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအနေဖြင့် ဥပဒေနှင့်ပတ်သက်သည့် အသိပညာများကို ယခင်ကထက် ပိုမိုသိရှိနိုင်မည်ဖြစ်ကြောင်း အုပ်ချုပ်ရေးမှူးများမှတဆင့် ပြည်သူတွေကို ဥပဒေအသိပညာ ပြန့်ပွားနိုင်ရေးအတွက် တစ်စိတ်တစ်ဒေသအနေဖြင့် သင်တန်းပို့ချပေးနိုင်ခဲ့သည့်အတွက် ဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို ဇူလိုင် ၆ ရက်နေ့မှ ၁၀ ရက်နေ့အထိ တက်ရောက်ခဲ့သော မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး (၂၄) ဦးအား တာဝန်ရှိသူများက ဂုဏ်ပြု မှတ်တမ်းလွှာများ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)