မြောက်ဥက္ကလာပ ဇူလိုင် ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ရွှေပေါက်ကံမြို့သစ် (၁၄) ရပ်ကွက်ခွဲရှိ အမှတ် (၆) အခြေခံပညာနှင့် စိုက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းတွင် လျှပ်စစ်နှင့် စွမ်းအင်၀န်ကြီးဌာန၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ ရွှေပေါက်ကံမြို့ လျှပ်စစ်မန်နေဂျာရုံးမှ လျှပ်စစ်ဓာတ်လိုက်မှုအန္တရာယ်ကင်းရှင်းရေး အသိပညာပေး ဟောပြောခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းတွင် ပြုလုပ်ခဲ့သည်။
ဦးစွာ ရွှေပေါက်ကံမြို့လျှပ်စစ်မန်နေဂျာ ဦးအောင်ဇော်မျိုးက လျှပ်စစ်ဓာတ်လိုက်မှုအန္တရာယ်ကင်းရှင်းရေးနှင့် လျှပ်စစ်ကြောင့် မီးလောင်မှုမဖြစ်ပေါ်စေရေး အသိပညာပေးဟောပြောပြီး ရွှေပေါက်ကံမြို့လျှပ်စစ်မန်နေဂျာနှင့် ၀န်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါအသိပညာပေးဟောပြောပွဲသို့ ရွှေပေါက်ကံမြို့လျှပ်စစ်မန်နေဂျာ ဦးအောင်ဇော်မျိုးနှင့် ၀န်ထမ်းများ၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ ဆရာမများ၊ကျောင်းသား/ သူစုစုပေါင်း (၂၅၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး (ပြန်/ဆက်)