လင်းခေး၌ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

 

 

လင်းခေး ဇွန် ၁

 

ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးခရိုင် လင်းခေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများကို ယနေ့

ဇွန်၁ ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

မြို့နယ်အတွင်းရှိ အခြေခံပညာ မူလတန်း၊ အလယ်တန်းကျောင်းများနှင့် အထက်တန်းကျောင်းတို့တွင် မေလ၂၄ ရက်နေ့မှစ၍ ၃၁ ရက်နေ့အထိ သက်ဆိုင်ရာ ကျောင်းအသီးသီးတွင် ကျောင်းအပ်နှံ လက်ခံခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး ကုသရေးနှင့် ကျန်းမာရေးဦးစီးဌာနမှ ချမှတ်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကြိုတင်ကွယ် ထိန်းချုပ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကျောင်းများကို ယနေ့စတင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် လင်းခေးမြို့နယ်တွင်အခြေခံပညာကျောင်းများတွင် ကျောင်းသား ကျောင်းသူ စုစုပေါင်း(၁၀၀၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။

စိုင်းဇော်လတ်(လင်းခေး)