ဇီးကုန်း ဇွန် ၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာ ကျောင်း(၁၀၄)ကျောင်းတို့၌ ကျောင်းများ ဖွင့်လှစ်၍ ကျောင်းသူ/ ကျောင်းသားများ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိ ကြောင်း သိရသည်။
အခြေခံပညာကျောင်း (၁၀၄) ကျောင်းတို့၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိ ရာ ဇီးကုန်းမြို့နယ်တွင် အ.ထ.က(၅)ကျောင်း၊ အ.ထ.က-ခွဲ(၁)ကျောင်း၊ အ.လ.က(၉)ကျောင်း၊ အ.လ.က-ခွဲ(၆)ကျောင်း၊ မူ/လွန်(၇)ကျောင်း၊ အ.မ.က(၇၆)ကျောင်း စုစုပါင်း(၁၀၄)ကျောင်းရှိပြီး၊ ဆရာ ဆရာမ (၈၂၀) ဦးဖြင့် သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖ များက ကျောင်းပတ်ဝန်းကျင်လုံခြုံရေးများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)