သတင်းများ

ကျောက်ပန်းတောင်းမြို့တွင် ညောင်ဦးခရိုင် စီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက်အမျိုးသမီးဘောလုံးပြိုင်ပွဲ ကျင်းပ
Jun 02,2021
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်စီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲကို၊ ယမန်နေ့ ညနေ(၄)နာရီက ကျောက်ပန်းတောင်းမြို့နယ် အားကစားကွင်းတွင်ကျင်းပခဲ့ရာ၊ ညောင်ဦးမြို့နယ် အမျိုးသမီးအသင်းနှင့် ကျောက်ပန်းတောင်းမြို့နယ် အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး၊ တစ်ဖက်(၂)ဂိုးစီဖြင့်  ပွဲပြီးဆုံးခဲ့သည်။
ပုဏ္ဏားကျွန်းမြို့နယ်တွင် အသက်(၁၈)နှစ်အထက်ရှိ ပြည်သူများအား COVID-19 ကာကွယ်ဆေးထိုးနှံပေးလျက်ရှိ
Jun 02,2021
ရခိုင်ပြည်နယ်၊ ပုဏ္ဏား ကျွန်းမြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်အထက်ရှိ ပြည်များအား COVID-19 ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းအစီအစဉ်ကို မြို့နယ်ပြည်သူ့ ဆေးရုံခန်းမဆောင်၌ ဇွန်လ(၁)ရက်၊ နံနက် (၁၀)နာရီက စတင်ကာ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ပြည်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်၍ ကျောင်းသား ကျောင်းသူများ တက်ရောက် ပညာသင် ယူလျက်ရှိ
Jun 02,2021
ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်တွင် ဇွန်၁ရက်နေ့ ယနေ့နံနက်ပိုင်းကစတင်၍ ၂၀၂၁ -၂၀၂၂ ပညာသင်နှစ် အခြေခံ ပညာကျောင်းများ စတင်ဖွင့်လှစ်ပြီဖြစ်ကြောင်းနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက် ပညာ သင်ယူလျက်ရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ် ၊ မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်
Jun 02,2021
ရခိုင်ပြည်နယ် ၊ မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျိုက်မရောမြို့နယ်၌ စာဖတ်ဝိုင်းကျင်းပ
Jun 02,2021
မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့ စာကြည့် တိုက်ရှိ(Community Centre)ခန်းမ၌ယမန်နေ့နံနက်၁၁နာရီကပြည်သူများ အသိပညာ ဗဟုသုတတိုးပွား စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်စေရန် ရည်ရွယ်၍ စာရေးဆရာဖေမြင့်၏ အပြောင်မြောက်ဆုံး ဘဝတစ်ခု တည်ဆောက်ခြင်း စာအုပ်ဖြင့်စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
သာကေတမြို့နယ်၌ အစိုးရဓမ္မာစရိယ စာမေးပွဲဖြေဆို
Jun 02,2021
၂၀၂၁ ခုနှစ်၊ ဓမ္မာစရိယစာမေးပွဲကို ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ် စာဖြေဌာနအတွက် သာကေတမြို့နယ် ဇိနမာရ်အောင်စေတီတော်ဝင်း အတွင်းရှိ ဝိမုတ္တိရသဓမ္မဗိမာန်တွင် ယနေ့ နေ့လယ် (၁၂)နာရီက စတင်ကျင်းပခဲ့သည်။
ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက မြစ်ကြီးနားမြို့ပေါ် အခြေခံပညာကျောင်းများ စတင် ဖွင့်လှစ်၍ ပညာသင်ကြားနေမှုကို လိုက်လံကြည့်ရှုအားပေး
Jun 02,2021
၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ဇွန် ၁ ရက်နေ့တွင် စတင်ဖွင့်လှစ် သင်ကြားလျက်ရှိရာ ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ် ကောင်စီအဖွဲ့ဝင် ဦးမျိုးဆွေ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ နှင့်အတူ မြစ်ကြီးနားမြို့ပေါ်ရှိ အခြေခံပညာ ကျောင်းများ စတင်ဖွင့်လှစ်၍ သင်ကြားရေး လုပ်ငန်း‌ ဆောင်ရွက်နေမှု အခြေအနေများကို ယနေ့ နံနက်ပိုင်းတွင် လိုက်လံကြည့်ရှု စစ်ဆေး ခဲ့ကြသည်။
စေတုတ္တရာမြို့နယ်တွင် မွေးကင်းစမှ (၁)နှစ်ခွဲအရွယ်အထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီး များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေး
Jun 02,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ မြို့ပေါ်ရပ်ကွက်များရှိ မွေးကင်းစမှအသက်(၁)နှစ်ခွဲအရွယ်အထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်၌ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ထိုးနှံတိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။