ကျိုက်မရောမြို့နယ်၌ စာဖတ်ဝိုင်းကျင်းပ

ကျိုက်မရော    ဇွန်  ၂

မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့ စာကြည့် တိုက်ရှိ(Community Centre)ခန်းမ၌ယမန်နေ့နံနက်၁၁နာရီကပြည်သူများ အသိပညာ ဗဟုသုတတိုးပွား စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်စေရန် ရည်ရွယ်၍ စာရေးဆရာဖေမြင့်၏ အပြောင်မြောက်ဆုံး ဘဝတစ်ခု တည်ဆောက်ခြင်း စာအုပ်ဖြင့်စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းကို စာပေချစ်မြတ်နိုးသူများအဖွဲ့(WomanClub)မှ ဆရာမ ဒေါ်ခင်လပြည့်ဝန်း ဦးဆောင်၍ စာပေချစ်သူ ပရိတ်သတ်များက စာရေးဆရာဖေမြင့် ရေးသား ထားသော အပြောင် မြောက်ဆုံးဘဝတစ်ခု တည်ဆောက်ခြင်း စာအုပ်ပါ အကြောင်းအရာများ ကိုစာဖတ်သူအချင်းချင်း အမြင်ချင်းဖလှယ်သည့်အနေဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြသည်။
 

ယနေ့ပြုလုပ်သောစာဖတ်ဝိုင်းကို လူငယ်များအနေဖြင့်ဘဝကိုမည်ကဲ့သို့တည်ဆောက်ရမည့် နည်းလမ်းများ ကိုသိရှိစေပြီးလူတိုင်းလူတိုင်းတူညီသော အခြေခံဖြင့်ဘဝကိုတည်ဆောက်ကြရသည် ဟူသောခံယူချက်များ ကိုသိရှိနားလည်ကြစေရန် စာဖတ်သည့်အလေ့အကျင့်ကောင်းများ တိုးပွား လာကြစေရန်ရည်ရွယ်၍ပြု လုပ်ရ ခြင်းဖြစ်ကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကျိုက်မရောမြို့နယ်ဦးစီးမှူး ဒေါ်ချိုမြတ်မြတ်ထွေး ကစာဖတ်ဝိုင်းပြု လုပ်ရခြင်း၏ရည်ရွယ်ချက်များကိုဆွေးနွေးပြောကြားခဲ့ကြောင်း သိရ သည်။
      

ချိုမြတ်မြတ်ထွေး