ဝန်းသိုမြို့နယ်တွင် ရေရရှိရေးလုပ်ငန်းနှင့် (VDP) စီမံကိန်းလုပ်ငန်းများ ကွင်းဆင်း စစ်ဆေး
Jun 02,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရေရရှိရေးလုပ်ငန်းဆောင် ရွက်နေသည့် ကျူတော ကျေးရွာ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းနှင့် (VDP)ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း ထောက်ပံ့ငွေဖြင့် မှန်လွှဲကျေးရွာတွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း၊ ပုတိမ်ကုန်းကျေးရွာတွင် ရွာတွင်းလမ်းများ ကျောက်ရောမြေနှင့် ဂျင်းမြေခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုတို့ကို ယနေ့နံနက် ၉နာရီအချိန်က မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းနှင့် ဌာနအင်ဂျင်နီယာတာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့သည်။