မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ အခြေခံပညာကျောင်းများဖွင့်လှစ်မှု လှည့်လည်ကြည့်ရှုအားပေး
Jun 02,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများကို ဇွန် ၁ ရက်မှစတင်၍ ဖွင့်လှစ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမြတ်သူသည် ယနေ့ နံနက်ပိုင်းက မြို့နယ်ပညာရေးမှူး ဒေါ်နန်းမြင့်သိန်းနှင့်အတူ အ.ထ.က(မိုင်းယောင်း)၊ အ.မ.က(၅)၊ အ.မ.က(၇)၊ အ.မ.က(၂)၊ အ.မ.က(ယမ်းခမ်း)ကျောင်းနှင့် အ.မ.က(မိုင်းဟန်) ကျောင်းများသို့ သွားရောက်ကာ သင်ကြားသင်ယူနေမှုအခြေအနေများကို လှည့်လည် ကြည့်ရှုပြီး ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားပြောကြားသည်။