ရခိုင်ပြည်နယ် ၊ မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်

မောင်တော  ဇွန်  ၂

ရခိုင်ပြည်နယ် ၊ မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေး ခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး အဖွင့်အမှာစကားပြောကြားရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်ရေး ကိစ္စရပ်များ၊ မြို့နယ်စည်ပင်သာယာလှပရေး ၊ ကညင်ချောင်း စီးပွားရေးဇုန်အား တိုးတက် ဖွံ့ဖြိုးအောင် ဆောင်ရွက်ရေး ကိစ္စရပ်များ၊  ယခုအခါကျောင်းများဖွင့်လှစ် သင်ကြားနေပြီဖြစ်ပါသဖြင့်  လိုအပ်သည်များကို ကူညီနိုင်ရေး နှင့် ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက် လျက်ရှိသည့် လုပ်ငန်းစဉ်များ အရှိန်အဟုန်မပျက် ဆောင်ရွက် နိုင်ရေး ကိစ္စရပ်များ ၊ ဒေသအတွင်း ဖွံ့ဖြိုးရေးအတွက် တည်ဆောက်ရေး လုပ် ငန်းများ ဆောင်ရွက်ရာ၌  အခက်အခဲ   များရှိပါက တင်ပြ ကြ ရန် နှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ် ကာလ အတွင်းပြီးစီးနိုင်ရေး  ကြီးကြပ် ဆောင် ရွက်ကြရန် လိုအပ်ကြောင်းပြောကြားခဲ့သည်။

ထို့နောက် ခရိုင်/မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဝင် များက  ဆွေးနွေး တင်ပြခြင်း ၊ တက်ရောက်လာကြသော သက်ဆိုင်ရာ ဌာနများအလိုက် လုပ်ငန်းများ  ဆောင်ရွက်နေမှု အခြေအနေများ တင်ပြခဲ့ကြရာ ဆွေးနွေး တင်ပြမှုများ အပေါ်  ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌမှ ပေါင်းစပ် ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

သက်လွင်စိုး