သတင်းများ

မြဝတီမြို့၌ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေးလုပ်ငန်းညှိနှိုင်းဆွေးနွေး
Aug 07,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၁ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အိမ်မဲပြည်သူ့ဆေးရုံအတွင်းရှိ (၂)ခန်းတွဲ (၁)ထပ် ဝန်ထမ်းအိမ်ရာ တည်ဆောက်နေမှုနှင့် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများ ကြည့်ရှုစစ်ဆေး
Aug 07,2020
ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့ ပြည်သူ့ဆေးရုံအတွင်း (၂)ခန်းတွဲ(၁)ထပ် ဝန်ထမ်းအိမ်ရာ တည်ဆောက်နေမှုနှင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများအား ယမန်နေ့ နံနက် ၁၁ နာရီက တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ချီဖွေမြို့တွင်း လမ်းမီးများ တိုးချဲ့ ထွန်းလင်းနိုင်ရေးအတွက် အလှူငွေများ လာရောက်လှူဒါန်း
Aug 07,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် မြို့တွင်းလမ်းမီးများ တိုးချဲ့ထွန်းလင်းနိုင်ရေး (Solar) လမ်းမီးတိုင်များ ဝယ်ယူတပ်ဆင်နိုင်ရန် အတွက် နန်းဦးချီဖွေငယ် ရေးအားလျှပ်စစ် စက်ရုံမှ ငွေကျပ်သိန်း (၁၀၀) လှူဒါန်းခြင်းကို ယမန်နေ့ညနေ (၃) နာရီခွဲတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ လာရောက်ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မြိတ်ခရိုင်အတွင်း အထွေထွေရွေးကောက်ပွဲတွင် မဲပေးကြမည့် မဲဆန္ဒရှင်စာရင်း၌ ကွက်လပ်ဖြစ်နေသည့် နိုင်ငံသားစိစစ်ရေးအမှတ်များ ဖြည့်သွင်းနိုင်ရေးဆွေးနွေး
Aug 07,2020
၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် မဲပေးကြမည့် မဲဆန္ဒရှင်စာရင်း၌ ကွက်လပ်ဖြစ်နေသည့် နိုင်ငံသားစိစစ်ရေးအမှတ်များ ဖြည့်သွင်းနိုင်ရေးအတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ တနင်္သာရီတိုင်းဒေသ ကြီး၊ မြိတ်ခရိုင်နှင့် မြို့နယ်ဦးစီးမှူးများ၊ မြိတ်ခရိုင်နှင့်မြို့နယ်များ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးများသည် ဩဂုတ်လ( ၅) ရက် နေ့လယ်ပိုင်းက အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြိတ်ခရိုင်ဦးစီးမှူးရုံးတွင် ဆွေးနွေးခဲ့ကြသည်။
ပုလောမြို့၌ သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနှင့် (၂၀၂၀) ပြည့်နှစ် ရွေးကောက်ပွဲဆိုင်ရာများ အသိပညာပေး နံရံကပ်စာစောင် ပြသ
Aug 07,2020
သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနှင့် (၂၀၂၀) ပြည့်နှစ် ရွေးကောက်ပွဲဆိုင်ရာသိကောင်းစရာများကို ပြည်သူများ အလွယ်တကူ သိရှိ လိုက်နာဆောင်ရွက်နိုင်စေရန် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယမန်နေ့ မွန်းတည့် (၁၂) နာရီက အသိပညာပေး ပြသဆောင်ရွက်ခဲ့သည်။
ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပရဟိတလူငယ်အဖွဲ့များပူးပေါင်း၍ မဲဆန္ဒရှင်စာရင်းတွင် သင့်အမည်ပါဝင်ပါသလား လက်ကမ်းစာစောင်နှင့် ပိုစတာများ ဒုတိယအကြိမ် ဖြန့်ဝေ
Aug 07,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ပရဟိတလူငယ်အဖွဲ့များပူးပေါင်း၍ မဲဆန္ဒရှင်စာရင်းတွင် သင့်အမည်ပါဝင်ပါသလား လက်ကမ်းစာစောင်နှင့် ပိုစတာများဖြန့်ဝေခြင်းကို ဩဂုတ် (၆) ရက်နေ့ နံနက် (၉) နာရီက မြို့မစည်ပင်သာယာဈေးကြီး လူစည်ကားရာနေရာများတွင် ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။
ဘားအံခရိုင်၊ ပိုင်ကျုံတံတား အကြီးစားပြင်ဆင်မှုလုပ်ငန်းများ (၈၀) ရာခိုင်နှုန်းပြီးစီး
Aug 07,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ သွားလာရေးပိုမိုအဆင်ပြေလွယ်ကူစေရန်အတွက် မြို့ချောင်းကူးတံတားကြီးအား အကြီးစား ပြင်ဆင်မှုလုပ်ငန်းများကို ဇွန်လ (၂၄) ရက်နေ့က စတင်ဆောင်ရွက်ခဲ့ရာ ယခုဩဂုတ်လ (၆) ရက်နေ့တွင် (၈၀) ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း တံတားကြီးပြင်ဆင်မှုလုပ်ငန်းများကို တာ၀န်ယူဆောင်ရွက်လျက်ရှိသော ဦးရဲမြင့်ထွန်းထံမှ သိရသည်။
ရှမ်းရွာသစ်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသုံးစာရေးကိရိယာပစ္စည်းများနှင့် စာအုပ်စာစောင်များလှူဒါန်း
Aug 07,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ ရရှိ စေရန်နှင့် အားလပ်ချိန်တွင် စာအုပ်စာပေဖတ်ရှုတတ်သည့်အလေ့အကျင့်ရှိ စေရန်ရည်ရွယ်ပြီး ချမ်းမြေ့စာရေးကိရိယာပစ္စည်းဆိုင်မှ ကျောင်းသုံး စာရေးကိရိယာပစ္စည်းများ၊ သင်ထောက်ကူပစ္စည်းများ၊ Maskများနှင့် သုတ/ရသစာအုပ်စာစောင်များ လှူဒါန်းခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။