ရန်ကုန်တောင်ပိုင်းခရိုင် အတွင်းရှိ မြို့နယ်များတွင် မိုးစပါး ရှစ်သိန်းကျော် လျာထားစိုက်ပျိုးသွားမည်

 

ရန်ကုန် ဇွန်

 မြန်မာနိုင်ငံအတွင်း ဆန်စပါးစိုက်ပျိုးထုတ်လုပ်၍ အရေအသွေးကောင်းမွန်သော ဆန်စပါးများအား ပြည်တွင်း စားသုံးမှု ဖူလုံစေရန်နှင့် ပိုလျှံ ဆန်စပါးများအား ပြည်ပသို့တင်ပို့ကာ နိုင်ငံခြားဝင်ငွေရရှိစေရေးအတွက် စိုက်ပျိုးရေး ဦးစီးဌာနမှ အရေအသွေးကောင်း မျိုးကောင်းမျိုးသန့် စပါး များအား မိုးတွင်းကာလနှင့် နွေကာလများတွင် စိုက်ပျိုး ထုတ်လုပ်လျှက်ရှိရာ ရန်ကုန်တောင်ပိုင်းခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၁ ခုနှစ် အတွင်း တောင်ပိုင်းခရိုင်ရှိ မြို့နယ် များတွင် မိုးစပါး ၈၀၁၈၄၃ ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း ရန်ကုန်တောင်ပိုင်းခရိုင် စိုက်ပျိုး ရေး ဦးစီး ဌာနရုံးမှ သိရသည်။

ရန်ကုန်တောင်ပိုင်းခရိုင်အတွင်း မိုးစပါးများအား သန်လျင်မြို့နယ်တွင် ၅၉၇၇၃ ဧက၊ ကျောက်တန်းမြို့နယ်၌ ၁၀၇၉၃၄ ဧက၊ တံတားမြို့နယ်တွင် ၅၀၀၇၃ ဧက၊ သုံးခွမြို့နယ်၌ ၁၅၃၅၈၀ ဧက၊ ခရမ်းမြို့နယ်၌ ၁၁၀၆၄၂ ဧက၊ တွံ့တေး မြို့နယ်တွင် ၈၂၀၃၂ ဧက၊ ကော့မှူးမြို့နယ်၌ ၈၈၀၉၇ ဧက၊ ကွမ်းခြံကုန်းမြို့နယ်တွင် ၁၀၂၃၈၃ ဧက၊ ဒလ မြို့နယ်၌ ၄၆၇၄၂ ဧကနှင့် ရန်ကုန်မြို့မတွင် ၅၈၇ ဧကအပါအဝင် စုစုပေါင်း မိုးစပါး ၈၀၁၈၄၃ ဧကအား လျာထား စိုက်ပျိုးသွားမည်ဖြစ်ပြီး လက်ရှိတွင် အဆိုပါမြို့နယ်များ၌ မိုးစပါးဧက သောင်းကျော် စိုက်ပျိုး ထားပြီး ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)