သီပေါ ဇွန် ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက် (၁၀)နာရီ အချိန်က လူငယ်အသင်း (Youth Club)နှင့် ပူးပေါင်း၍ စာရေးသူ သြမြတ်မေကို၏ "ကြယ်စင်များဆီသို့နှင့် အာရှလူငယ် ဝတ္ထုတိုများ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်နီလာစိုး က စာဖတ်ဝိုင်းဆွေးနွေးပွဲများ ပြုလုပ်ခြင်းကြောင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ စာပေဝါသနာရှင် အချင်းချင်း ချစ်ခင်ရင်းနှီးစွာ စာပေအသိအမြင်များ အပြန်အလှန်နှီးနှောဖလှယ်နိုင်စေရန်၊ စာဖတ်ရှိန်မြှင့်တင်နိုင်စေရန်၊ စာပေကိုချစ်မြတ်နိုး၍ စာပေအသိပညာဗဟုသုတများ တိုးပွားလာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် စာဖတ်ဝိုင်း ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် လူငယ်အသင်း (Youth Club)အဖွဲ့ဝင်များမှ စာအုပ်ပါ အကြောင်းအရာများကို ကြိုက်နှစ်သက်ရာ ခေါင်းစဉ်တစ်ခုခြင်းအလိုက် အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်းနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲအား တစ်လလျှင် (၁)ကြိမ် ပြုလုပ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ခင်လေး