ကံမမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်ဆင်းပြုလုပ်

ကံမ ဇွန် ၄

 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင် ရာဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် မြို့နယ်အတွင်း ရပ်ကွက်ကျေးရွာများမှ နိုင်ငံသားစိစစ်ရေး ကတ် မရှိသည့် ဒေသခံ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ် လက်ဝယ်ကိုင်ဆောင်ခွင့် ရရှိစေရန် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ဇီးတောကျေးရွာအုပ်စုအတွင်းရှိကျေးရွာများသို့ မြို့နယ်ဦးစီးမှုး ဦးတင်အောင်ဝင်းနှင့် ဝန်ထမ်းများ က ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေး ခဲ့ကြ သည်။

 

 

အဆိုပါ ပန်းခင်းစီမံချက်ဆောင်ရွက်ရာတွင်  လက်ရှိဇာတိ၌အမြဲတမ်းနေထိုင်၍ အိမ်ထောင်စု လူဦးရေစာရင်းမရှိ ကိုင်ဆောင်လက်မှတ်မရှိသူများ၊  ရွေ့ပြောင်းနေထိုင်သူများအတွက်  မူလ ဒေသတွင် အိမ်ထောင်စု လူဦးရေ စာရင်းရှိသော်လည်း လက်ရှိဒေသတွင် ကိုင်ဆောင်လက်မှတ် မရှိသူများ၊ ရွေ့ပြောင်း နေထိုင် သူများအတွက် မူလဒေသတွင် အိမ်ထောင်စုစာရင်းနှင့်ကိုင်ဆောင် လက်မှတ်မရှိသူများ၊လက်ရှိ ဒေသတွင်လည်း အိမ်ထောင်စု စာရင်းနှင့်   ကိုင်ဆောင်လက်မှတ် မရှိသူများအား  နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက် ပေးခြင်းဖြစ်သည်။

 

ကံမမြို့နယ်အတွင်းရှိ ရပ်ကွက် (၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၅၆)အုပ်စု ကျေးရွာစုစုပေါင်း (၁၅၄)ရွာတို့အား အဖွဲ့များခွဲကာ ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ထံမှ သိရသည်။

ကျော်ဇေယျဝင်း(ကံမ)