ညောင်ဦး ဇွန် ၄
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အသက် (၂၅) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲကို ယမန်နေ့ ညနေ ၄နာရီက ညောင်ဦးမြို့နယ် အားကစားကွင်းတွင်ကျင်းပခဲ့ရာ ညောင်ဦးမြို့နယ် အမျိုးသမီးအသင်းနှင့်ကျောက်ပန်းတောင်း မြို့နယ် အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ပြီး ကျောက်ပန်းတောင်းမြို့နယ် အမျိုးသမီး အသင်းက (၃)ဂိုး၊ ညောင်ဦးမြို့နယ်အမျိုးသမီးအသင်းက (၀)ဂိုးဖြင့်ပွဲပြီးဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါဘောလုံးပြိုင်ပွဲသို့ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်၊နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပြီး ကျောက်ပန်းတောင်းမြို့နယ် အမျိုးသမီးဘောလုံးအသင်းနှင့်ညောင်ဦးခရိုင်အမျိုးသမီးဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစား ခဲ့ရပြီး ပြိုင်ပွဲပြီးဆုံးချိန်ထိ ကျောက်ပန်းတောင်းမြို့နယ် အမျိုးသမီးဘောလုံးအသင်းက သုံးဂိုးသုညဂိုး ဖြင့်အနိုင်ရရှိကာ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလားကို ထိုက်တန်စွာ ဆွတ်ခူးသွားခဲ့ကြောင်း ညောင်ဦးခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန ၊ခရိုင်ဦးစီးမှူး ဒေါ်အေးအေးမော်ထံကသိရကာ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလားဆုရ ကျောက်ပန်းတောင်းမြို့နယ် အမျိုးသမီးအသင်းအား ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ ဆုဖလားချီးမြှင့်ပေးအပ်ပြီး၊ တက်ရောက်လာသည့် ခရိုင်အဆင့်ဌာနဆိုင်ရာ များမှတစ်ဦးချင်းအကောင်းဆုံးဆုနှင့်တစ်ဦးချင်းဆွဲပြားများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုထိန်၊ KPD