နမ္မတူမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပျက်စီးခဲ့သော လူနေအိမ်များအတွက် ထောက်ပံ့ငွေများပေးအပ်

နမ္မတူ   ဇွန်  

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နမ္မတူမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ မေလ (၂၄)ရက်နေ့တွင် နမ္မတူမြို့နယ်၌ မိုးသည်း ထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ပန်ဟိုက်ရပ်ကွက်ရှိ အမိုးလန် ပျက်စီးခဲ့သည့် လူနေအိမ် (၃၈)လုံးအတွက် ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ခြင်းကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက် (၁၁)နာရီခန့်က ဆောင်ရွက်ခဲ့ပါသည်။

 

ထို့သို့ထောက်ပံ့ပေးအပ်ရာတွင် နမ္မတူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဝင်းမင်းထွန်းနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ တာဝန်ခံဒေါ်မြတ်သူနှင်းတို့က ပြိုကျပျက်စီး ခဲ့သည့် လူနေအိမ် ()လုံးအတွက် အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေကျပ် (၅၀၀,၀၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ ပလပ်စတစ်ပုံး ()ပုံးအားလည်းကောင်း၊ အမိုးလန်ပျက်စီးခဲ့သည့် လူနေအိမ် (၃၃)လုံးအတွက်  အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၂,၉၇၀,၀၀၀)ကျပ်နှင့် လူဦးရေ (၁၉၁)ဦးတို့အတွက် ရက်သတ္တတစ်ပတ်စာ ဆန်ဖိုးရိက္ခာငွေကျပ် (၄၀၁,၁၀၀)ကျပ်အား လည်းကောင်း၊ စုစုပေါင်းထောက်ပံ့ငွေကျပ် (၃,၈၇၁,၁၀၀)ကျပ်အား ဘေးသင့်ပြည်သူများ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

မြို့နယ်ပြန်/ဆက်