မဟာအောင်မြေမြို့နယ် အခြေခံပညာကျောင်းများတွင် နေ့စဉ်ကျောင်းအပ်နှံမှုများရှိ

မန္တလေး  ဇွန်  ၄

၂၀၂၁-၂၀၂၂ ပညာသင်နှစ် မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ဇွန်လ(၁)ရက်နေ့မှစတင်ဖွင့်လှစ်ခဲ့ရာ အေးချမ်းတည်ငြိမ်စွာ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရှိရသည်။

စာသင်ကျောင်းများဖွင့်လှစ်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏  COVID-19 စည်းကမ်းသတ်မှတ်ချက် များနှင့်အညီ အပူချိန်တိုင်းတာခြင်း၊ Mask များနှင့် Face Shield များ တပ်ဆင်စေခြင်းနှင့်  ဆပ်ပြာနှင့် လက်ဆေးရန်နေရာများ သတ်မှတ်ပေးထားကြောင်း သိရှိရသည်။

မဟာအောင်မြေမြို့နယ်တွင်  အခြေခံပညာအထက်တန်းကျောင်း (၃)ကျောင်း၊ အထက်တန်းကျောင်း (ခွဲ)(၃)ကျောင်း၊ အလယ်တန်းကျောင်း(၁)ကျောင်း၊ အလယ်တန်းကျောင်းခွဲ(၄)ကျောင်း၊ မူလွန်ကျောင်း (၃)ကျောင်းနှင့် မူလတန်းကျောင်း(၂၃) ကျောင်းရှိရာ ကျောင်းအားလုံး  ဖွင့်လှစ်ထားပြီး  ကျောင်းသား /သူ (၁၃၅၁)ဦး အပ်နှံထားရှိပြီး နေ့စဉ် ကျောင်းအပ်နှံမှုများလည်းရှိကြောင်း သိရှိရသည်။

ပေးပို့သူ - ထွန်းထွန်းနိုင်