သနပ်ပင်မြို့နယ်၌ ၂၀၂၁-၂၀၂၂ ခုနှစ် ငါးလုပ်ငန်းရာသီနှစ်အတွက် (တတိယ)အကြိမ် အင်းလေလံတင် ရောင်းချ ခြင်း နှင့်(ဒုတိယ)အကြိမ် ပိုက်ချက်တင်ဒါ‌ ရောင်းချခြင်း အခမ်းအနားကျင်းပပြုလုပ်

 

သနပ်ပင်၊ ဇွန်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ် ငါးလုပ်ငန်း ဦးစီး ဌာနတွင်  ၂၀၂၁-၂၀၂၂ခုနှစ် ငါး လုပ်ငန်းရာသီနှင့် အတွက် (တတိယ)အကြိမ် အင်းလေလံတင် ရောင်းချခြင်းနှင့် (ဒုတိယ) အကြိမ် ပိုက်ချက်တင်ဒါရောင်းချခြင်း အခမ်းအနားကို  ဇွန် ရက်နေ့ နံနက် ၁၀ နာရီ အချိန်က မြို့နယ် ငါးလုပ်ငန်းဦးဌာနရုံး၌  ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန် ထားသော ကိုဗစ် ၁၉ စည်းကမ်း ချက်များ နှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အင်းလေလံတင်ရောင်းချခြင်းအခမ်းအနားတွင်  ပဲခူးခရိုင်ငါးလုပ်ငန်းဦးစီးဌာန  ခရိုင် ငါးလုပ်ငန်း ဦးစီးဌာနမှူး ဦးဇော်မြင့်နိုင်မှ အဖွင့်အမှာ စကားပြောပြီး သနပ်ပင်မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီး မှူး ဒေါ်ဆွေဆွေဝင်းမှ (တတိယ) အကြိမ်အင်းလေလံတင် ရောင်းချခြင်း နှင့်(ဒတိယ)အကြိမ် ပိုက်ချက် တင်ဒါ ရောင်းချ ခြင်းနှင့် ပတ်သက်၍ အင်းလုပ်သားကြီးများ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းချက် များအား  ရှင်းလင်း ပြောကြား ခဲ့သည်။

ထို့နောက် အင်းလုပ်သားကြီးများအား ပိုက်ချက်တင်ဒါနှင့် အင်းလေလံများကို ဆက်လက်ရောင်းချ ခဲ့ရာ   အင်း() အင်းသာ ရောင်းချနိုင်ခဲ့ပြီး  စုစုပေါင်း ငွေကျပ်  ခြောက်သိန်းလေးသောင်း(၆၄၀၀၀၀) ကျပ် တိတိအား နိုင်ငံတော် ဘဏ္ဍာငွေ ရရှိခဲ့ကြောင်းသိရှိရသည်။    

 မြို့နယ် (ပြန်/ဆက်)