ဒေါပုံ ဇွန် ၄
ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်ရှိ အခြေခံပညာစာသင်ကျောင်းများ ၌ ဇွန်လ(၁)ရက်နေ့ မှ စတင်၍ ကျောင်းသား၊ ကျောင်းသူ များ စိတ်အေးချမ်းသာစွာ ပညာသင်ကြားလျက်ရှိ ကြ သည်။
၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ဒေါပုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများကို ဇွန်လ(၁) ရက်နေ့မှ စတင်ကာ ဖွင့်လှစ် သင်ကြားပေး နေပြီဖြစ်သည်။ ဒေါပုံမြို့နယ်၌ အခြေခံပညာကျောင်း (၁၇) ကျောင်း ရှိပြီး လက်ရှိအချိန် တွင် အထက်တန်းကျောင်း(၁)ကျောင်း၊ အလယ် တန်းကျောင်း(၄)ကျောင်း၊ မူလတန်းကျောင်း(၁၂) ကျောင်း စုစု ပေါင်း(၁၇)ကျောင်းကို ဖွင့်လှစ်ပညာ သင်ကြား နေပြီဖြစ် သည်။
အဆိုပါ အခြေခံပညာကျောင်းများဖွင့်လှစ် ပညာသင်ကြားနေသည့် ကျောင်းများ၌ ကျောင်း သား၊ ကျောင်းသူ များကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ ကိုယ်ပူချိန်များ တိုင်းတာ ပေးခြင်း၊ Mask နှင့် Face Shield များကို တပ်ဆင်စေပြီးမှသာ စာသင် ခန်းအတွင်းသို့ ဝင်စေခဲ့သည်။
ဒေါပုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ မူလတန်းအဆင့်တွင် ကျောင်း သား၊ ကျောင်းသူ (၅၈၉)ဦး၊ အလယ်တန်း အဆင့် တွင်(၂၂၄)ဦးနှင့် အထက်တန်းအဆင့်တွင်(၄၅)ဦး စုစုပေါင်း (၈၅၈)ဦးတို့သည် သက်ဆိုင်ရာ ကျောင်းများအလိုက် စိတ်အေးချမ်းသာစွာဖြင့် ပညာသင် ကြားလျက်ရှိကြောင်း မြို့နယ် ပညာရေးမှူး ရုံးထံမှ သိရသည်။
ဒေါပုံ(ပြန်/ဆက်)