တောင်ငူမြို့နယ်တွင် ကျောင်းအပ်နှံမှုအား ဆက်လက်လက်ခံဆောင်ရွက်ပေးလျက်ရှိ

တောင်ငူ ဇွန် ၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်အတွင်း အခြေခံပညာကျောင်းများ၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အတွက် အခြေခံပညာကျောင်းများ ဖွင့်လှစ်ထားပြီး ကျောင်းအပ်နှံမှုများ ဆက်လက်၍ လက်ခံ ဆောင်ရွက်ပေးလျက်ရှိကြောင်း ယနေ့ နံနက်ပိုင်းက ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။

​တောင်ငူမြို့နယ်အတွင်း အခြေခံပညာကျောင်းများ ဖွင့်လှစ်ထားလျက်ရှိပြီး မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများ အသီးသီး၌ ကျောင်းအပ်နှံမှုကို လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျောင်းသား တစ်ဦးလျှင် ပြန်လည်အသုံးပြုနိုင်သည့် နှာခေါင်းစည်း နှစ်ခုနှုန်း၊ မျက်နှာအကာ (face shield) နှင့် ကျောင်းသုံးဖတ်စာအုပ်များအပြင် ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်တို့ကို အခမဲ့ဖြန့်ဝေပေး ကြောင်း သိရသည်။

တောင်ငူမြို့နယ်အတွင်း ယနေ့အထိ ကျောင်းအပ်နှံမှုစာရင်းအရ မူလတန်း၌ ကျောင်းအပ်နှံသူဦးရေ (၁၀၅၈၆)ဦး၊ အလယ်တန်း၌ ကျောင်းအပ်နှံသူဦးရေ (၅၇၀၁) ဦး၊ အထက်တန်း၌ ကျောင်းအပ်နှံသူဦးရေ (၁၅၆၈) ဦးရှိပြီး ရာခိုင်နှုန်းအရ ၃၆ ရာခိုင်နှုန်းရှိကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။

ခရိုင် ပြန်/ဆက်