တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးတင်အောင် အခြေခံပညာ ကျောင်းများသို့ လှည့်လည်ကြည့်ရှု့

 

ထားဝယ်     ဇွန်

တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌ ဦးတင်အောင်နှင့် အဖွဲ့ဝင်များသည် သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့ရှိ အခြေခံပညာကျောင်းများသို့ လှည့်လည် ၍ကြည့်ရှု့ခဲ့ကြောင်း သိရသည်။

ထိုနောက် တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌ ဦးတင်အောင် က အခြေခံပညာ ကျောင်းများတွင် ဆရာ/ဆရာမများ၊ ကျောင်း သား/ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကား ပြောကြားပြီး ဆရာ/ဆရာမများ၊ကျောင်းသား/ကျောင်းသူများအန္တရာယ် မဖြစ်ပေါ် စေရေးနှင့် ဘေးကင်းလုံခြုံရေး တို့အတွက် တာဝန်ရှိသူများအား လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့သည်။

ကျောင်းများတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ဆရာ/ဆရာမများက ကျောင်းသား/ကျောင်းသူများအား ကျောင်းအဝင် ပေါက်၌ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ နှာခေါင်းစည်း Mask နှင့် Face Shield များ တပ်ဆင်ပေးခြင်း၊ လက်သန့် ဆေးရည် များဖြင့်လက်ဆေးပေခြင်း၊ကျောင်းများတွင် လက်ဆေးဘေစင်များထားရှိ ကာ စနစ်တကျ လက်ဆေး စေခြင်း စသည့်တို့ဆောင်ရွက်ပေးလျက်ရှိကြောင်းသတင်းရရှိသည်။             

 (တိုင်းဒေသကြီးပြန်/ဆက်)