ရန်ကုန် ဇွန် ၄
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ သုံးလတစ်ကြိမ် ထောက်ပံ့ပေးလျက်ရှိသော လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ပေးအပ်ရာတွင် ဒေါပုံမြို့နယ်အတွင်းရှိ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၂၉၄) ဦး အား ၂၀၂၁ ခုနှစ်၊ ဧပြီလ၊ မေလနှင့် ဇွန်လများအတွက် လူမှုရေးပင်စင်တစ်ဦးလျှင် (၃၀၀၀၀) ကျပ် နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေကျပ် (၈၈၂၀၀၀၀) ကျပ်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိ သူများက ရပ်ကွက် (၁၄) ရပ်ကွက် ၏ ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်းပေးအပ်ခဲ့ကြသည်။
အဆိုပါထောက်ပံ့ငွေများအား ယမန်နေ့ ညနေပိုင်းမှ စတင်၍ ရပ်ကွက်(၁၄) ရှိ အသက်(၈၅) နှစ်နှင့် အထက် ဘိုးဘွားများထံ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အိမ်တိုင်ရာရောက် လိုက်လံပေးအပ် ဆောင် ရွက်ခဲ့ကြောင်း သိရသည်။
ခင်မာဝေ (ပြန်/ဆက်)